View Lyrics: 11:11 Modal close icon

Viewing lyrics for 11:11 by Bcoz.

Verse1:
မျက်ရည်စများ....ဒီရင်မှာ စိုးရိမ်မှုများ...
နှလုံးသားမြို့ကို သိမ်းပိုက်ပြီး သူစီးဆင်းနေမလား...
အလွမ်းတိမ်လွှာများ...ဒီရင်မှာငွေ့ရည်ဖွဲ့သလား...
များပြားလွန်းတဲ့သောကမီးတွေ ငြိမ်းသတ်ပေးပါလား...

Rap1:
စိတ်ဆင်းရဲစရာ ကြုံပါများလို့ မျက်ရည်တွေလည်းမကျပါနဲ့...
ငါချစ်တဲ့မင်းငိုကြွေးနေရင် ငါလည်းမျက်ရည်ကျမှာပဲ...
နိုင်ငံရပ်ခြားဝေးကွာသွားလို့ နင့်ဆီလာဖို့ မတတ်သာလည်း...
ဒီသီချင်းက ငါရေးစပ်တဲ့နင့်အတွက်အားဆေးတစ်ခွက်ပါပဲ...
မျက်ရည်စက်တွေ ပါးပြင်စိုတိုင်း နင့်ကို အားပေးခဲ့တာပဲ...
မိုးတွေရွာတိုင်းထီးတစ်ချောင်းအောက် နင့်ရဲ့ခါးလေးဖက်ကာတွဲ...
ကံကြမ္မာကြောင့် ခွဲခွာရတဲ့ နေ့တွေရက်တွေ များလာလည်း ...
နင်ယုံထားလိုက်ပါ ငါဆိုတဲ့ကောင် အမြဲတမ်း မင်းအနားမှာပဲ...

Cho:
သူငယ်ချင်းကြောင့် နင်ဝမ်းနည်းရင် ...
အဖေအမေအထွေးအပွေ့ နင်လွမ်းခဲ့ရင်...
စာတွေများလို့ ရင်ပူသွားခဲ့ရင်...
ဒီသီချင်းနဲ့တူတူ ငါအမြဲရှိမယ်...
နေမကောင်းလို့ နင်အားနည်းရင်...
အရာရာ အရှုံးလို့ နင်ခံစားခဲ့ရင်...
ရေမြေသူစိမ်းကြား နင်ငိုကြွေးခဲ့၇င်...
ဒီသီချင်းလေးကတဆင့် ငါနှစ်သိမ့်မယ်အမြဲ...

Verse2:
အသက်ရှူသံများ... နာရီလို အသက်ရှူသံများ...
အနားပေးခိုက် ဒီမိုးသားကောင်းကင် တောက်ပပေးပါလား...
အထီးကျန်မှုများ ...သံသရာစက္ကူစများ...
လေလွင့်ရမယ့် ဒီနေ့၇က်တို့ ဖာထေးလို့ပေးပါလား...

Rap2:
လောကထဲမှာ အကောင်းတွေရှိသလို ဆိုးကျိုးတွေလည်းရှိမှာပဲ...
ကလေးဆန်လွန်းတဲ့ငါ့ရဲ့ချစ်သူ အပြစ်ဒဏ်တွေနဲ့ မထိပါနဲ့...
အချစ်မာရ်နတ်ကြောင့် လူချင်းဝေးတောင် နှလုံးသားချင်းတော့ နီးပါရဲ့...
ဘယ်သူမှမရှိတောင် အားမငယ်နဲ့ နင့်အနားငါအမြဲရှိမှာပဲ...
လစ်တမတ်စက္ကူလိုအရောင်တွေပြောင်းလဲတတ်တဲ့ ခဏတာထဲ...
အခက်အခဲများနဲ့တစ်ယောက်တည်းဘ၀ကို ဘယ်သူက တောင့်တကြမှာလဲ...
ကောင်းကင်ထက်က ကြယ်တွေကြွေတိုင်း ငါ့မှာဆုတောင်းရတာအမြဲ ...
ပျော်ရွှင်ပါစေ သူ့ရဲ့ မနက်ဖြန်စိတ်ချမ်းသာမှုများစွာနဲ့...

Cho:
သူငယ်ချင်းကြောင့် နင်ဝမ်းနည်းရင် ...
အဖေအမေအထွေးအပွေ့ နင်လွမ်းခဲ့ရင်...
စာတွေများလို့ ရင်ပူသွားခဲ့ရင်...
ဒီသီချင်းနဲ့တူတူ ငါအမြဲရှိမယ်...
နေမကောင်းလို့ နင်အားနည်းရင်...
အရာရာ အရှုံးလို့ နင်ခံစားခဲ့ရင်...
ရေမြေသူစိမ်းကြား နင်ငိုကြွေးခဲ့၇င်...
ဒီသီချင်းလေးကတဆင့် ငါနှစ်သိမ့်မယ်အမြဲ...

Verse3:
ငါ့အသံကြားလို့ နင်ပျော်ခဲ့ရင်...
ငါ့မျက်နှာတွေ့ဖို့ နင်မျှော်ခဲ့ရင်...
ငါ့ရင်ခွင်ပာာ အနွေးထွေးဆုံး နင်မှတ်ရင်...
ငါသေပျော်ပါပြီ ချစ်သူ...

ငါ့အချစ်ကို အသိအမှတ်ပြုသေးရင်...
ငါ့စကားတွေ အလေးအနက်ရှိသေးရင်...
ငါ့အဝေးမှာတစ်ဦးထဲ ရှိတဲ့အခိုက်....
နင်လေမငိုပါနဲ့.....

Rap3:
အတူတွဲနေတဲ့သူငယ်ချင်းတစ်ယောက်ယောက် နင့်အနားထွက်ခွာသွားခဲ့ရင်....
ကျက်မှတ်စရာတွေများလွန်းလို့ နင်စိတ်ဖိစီးမှုများခဲ့ရင်....
အထီးကျန်ဆန်ပြီး ၀မ်းနည်းစရာလို့ နင့်စိတ်က ထင်ထားခဲ့ရင်....
မြင်ယောင်လိုက်ပါငါ့ရဲ့မျက်နှာ ဒီသီချင်းကို ကြားခဲ့ရင်....
ရည်မှန်းထားတဲ့အောင်မြင်မှုတွေ ငါတို့ကိုယ်စီရခဲ့ရင်....
ရင့်ကျက်မှုနဲ့ရှေ့ဆက်ရမယ့် ဘ၀ကိုသာပြန်စ ခဲ့ရင်....
တန်ဖိုးထားတဲ့သစ္စာတရားက ငါတို့ကို မမုန်းခဲ့ရင်...
ပြန်ဆုံတွေ့မှာပါ ကျိန်စာသင့်တဲ့ အလွမ်းနေ့ရက်ကုန်ဆုံးခဲ့ရင်....

Cho:
သူငယ်ချင်းကြောင့် နင်ဝမ်းနည်းရင်...
အဖေအမေအထွေးအပွေ့ နင်လွမ်းခဲ့ရင်...
စာတွေများလို့ ရင်ပူသွားခဲ့ရင်...
ဒီသီချင်းနဲ့တူတူ ငါအမြဲရှိမယ်...
နေမကောင်းလို့ နင်အားနည်းရင်...
အရာရာ အရှုံးလို့ နင်ခံစားခဲ့ရင်...
ရေမြေသူစိမ်းကြား နင်ငိုကြွေးခဲ့၇င်...
ဒီသီချင်းလေးကတဆင့် ငါနှစ်သိမ့်မယ်အမြဲ...

Close