View Lyrics: Hna Lone Thar Eain Mat Modal close icon

Viewing lyrics for Hna Lone Thar Eain Mat by Double H Double G.

Cho; အမြဲရှင်သန်နေဆဲ ငါ့ရဲ့ နှလုံးသားအိမ်မက်ထဲမှာ မင်းရှိနေဆဲ မင်းရှိနေဆဲ
ဟိုးအဝေးဆုံးမင်းရောက်နေလဲ ငါ့ရင်မှာ စွဲလို့ကျန် ငါ့ရင်ခွင်ထဲမှာ မင်းတစ်ယောက်ထဲကို

Rap1; ပျော်ရွှင်စရာ ဘဝလေးကိုမေ့ကာ စည်းစိမ်မက်ကာ မင်းကရှေ့ကိုဆက်
ငါ့မှာတော့ မခံစားနိုင်ပေမယ့် သည်းခံစိတ်တွေပြည့်လျှက်
အကြည်းတန်တဲ့ ဒီဘဝထဲ ငါတစ်ယောက်ထဲ ရှေ့ဆက်နေရဦးမှာပဲ
ရှေ့ရေးကိုစဉ်းစားရင်းနဲ့ ငါ့ကိုငါတောင်သိမ်ငယ်လာတယ် တစ်ယောက်ထဲဖြစ်နေလို့
လူတွေပြောနေကြတဲ့စွယ်တော်ရွက်ဟာလဲ နှစ်လွှာပေါင်းမှ တစ်ရွက်တဲ့ အဲဒါငါ့အတွအမှားပဲ
အခုတော့ ငါ့ဘဝထဲက စွယ်တော်ရွက်လေးဟာလဲ နှစ်လွှာမပေါင်းပဲ တစ်ရွက်ထဲဖြစ်နေရပီပဲ
တစ်ယောက်ထဲရှေ့ဆက်ရမယ်ဘဝဟာ လွယ်တယ် ထင်ပေမယ့် တကယ်တန်းတော့ခက်ပါတယ်
တစ်ခါတလေဆို တစ်ယောက်ထဲနေရင်း အသက်ရှူတွေတောင်ကြပ်လာတယ်
ဆိုးလှတဲ့ကံကြမ္မာနဲ့တော့ခက်ပါတယ် တစ်သက်တာ အမြဲအတူနေချင်ပေမယ့် အဖြစ်နိုင်တော့ပြီပဲ…
အထီးကျန်နေခဲ့ အထီးကျန်နေဆဲ အထီးကျန်နေရဦးမှာပဲ ဘယ်တော့မှ အထီးကျန်ဘဝထဲက
လွတ်နိုင်တော့မှာလဲ

Rap2; မင်းမရှိတော့ ငါ့ရင်ထဲမှာ အလွမ်းတွေခြောက်ကပ် မင်းအတွက်နဲ့ရှင်သန်နေလဲ အခုတော့အားလုံးအဆုံးသတ်

Cho2; ဟိုချိန်ကပြောဖူးခဲ့တဲ့ နေ့ရက်တွေလဲ မရှိတော့ပေမယ့် တွေးမိတိုင်းလွမ်းမိနေခဲ့
ဟိုအရင်လို ငါပြန်လိုချင်တယ် နေ့တိုင်း ရင်မှာလေ အစဉ်လိုနေတာ အချိန်တိုင်းမင်း… ဒီကမ္ဘာထဲ…

Cho; အမြဲရှင်သန်နေဆဲ ငါ့ရဲ့ နှလုံးသားအိမ်မက်ထဲမှာ မင်းရှိနေဆဲ မင်းရှိနေဆဲ
ဟိုးအဝေးဆုံးမင်းရောက်နေလဲ ငါ့ရင်မှာ စွဲလို့ကျန် ငါ့ရင်ခွင်ထဲမှာ မင်းတစ်ယောက်ထဲကို

Rap3; မင်းမရှိတဲ့နေနဲ့ညက ငါ့ကိုလေသေလောက်စေရဲ့ မင်းမရှိတဲ့နယ်ပယ်က ငါ့ကိုလေ အဆိပ်သင့်စေခဲ့
ငါဆိုတာနင့်အတွက် နင်ဆိုတာ ငါ့အတွက် အတိတ်ကပြောခဲ့ဖူးတဲ့ စကားများလဲ ကြားယောင်ဆဲ
ငါကမင်းဘေးနားမှာအမြဲ မင်းက ငါ့ဘေးနားမှာပဲ စိတ်တွေက လွင့်နေဆဲ
ဖြေသာဖို့ရင်ခွင်က အခုတော့လဲ လစ်ဟာဆဲ အခုတော့လဲ လစ်ဟာဆဲ

Cho3; အမြဲရှင်သန်နေဆဲ ငါ့ရဲ့ နှလုံးသားအိမ်မက်ထဲမှာ မင်းရှိနေဆဲ မင်းရှိနေဆဲ
ဟိုးအဝေးဆုံးမင်းရောက်နေလဲ ငါ့ရင်မှာ စွဲလို့ကျန် ငါ့ရင်ခွင်ထဲမှာ မင်းတစ်ယောက်ထဲကို
အိပ်မက်ကမ္ဘာထဲအမြဲ တစ်ယောက်ထဲ မြတ်နိုးတန်ဖိုးထားခဲ့လည်း
မင်းမရှိတော့တဲ့ဒီရင်ထဲ ငါတစ်ယောက်ထဲ ကြေကွဲလို့စောင့်နေခဲ့
ငါ့စိတ်ကူးတွေထဲ မင်းဘယ်တော့ပြန်လာမလဲ ငါလေတွေးလို့နေခဲ့..

Close