View Lyrics: nar kho yar Modal close icon

Viewing lyrics for nar kho yar by PT(PhyoThu).

Rap:1
နောက်ကနေလိုက်ချင်လို့ပါ တကောက်ကောက်အမြဲ
အရိပ်ကလေးလို ရှိနေပါရစေ တောက်လျောက်ပဲ.
မကျေနပ်လို့ နှုတ်ခမ်းလေးဆူပြီး တောက်ခေါက်လဲကွာ
မင်းကလွဲပြီး ထပ်မရွေ့ပါဘူး နောက်တယောက်လဲငါ..။
မိုးရွာချိန်ဆို ထီးလေးမိုးပြီး မင်းအနားမှာရှိမယ်..
ညဘက်ရောက်တိုင်း မိုးကောင်းကင်က ကြယ်တွေထိုင်ကြည့်မယ်
သူအကြောင်းတွေ စဉ်းစားမိရင် မရပ်နိုင်တော့ပါ။
ခုအချိန်ထိတော့ သူနဲ့ဘာမှ မသက်နိုင်သောငါ။
Chorus:
ရင်ခုန်သံတွေ ဟိုးအမြင့်
ကြာလာလေလေ တိုးချစ်
အကြင်နာတွေကို နားလည်လို့
ဒီရင်ခွင်မှာ နားခိုပါ..။
ရင်ခွင်မှာ (နားခို)
အနားကဘယ်မှ (မသွားလို)
ရင်ခုန်သံတွေ (ကြားလို့)
ပြန်ချစ်လာမလား (ငါ့ကို)
Rap:2
ငါ့ကိုပြန်ပြီး စိတ်ဝင်စားအောင်
အကြံဥာဏ်တွေ ထုတ်ပြီး။
သူနဲ့မတွေ့ခင် မှန်ရှေ့မှာရပ် အိုက်တင်တွေလုပ်ကြည့်။
စိုးရိမ်မိတယ် သူ့အချစ်တွေ ပြန်မရမှာကို
ငါ့အတွက်တော့ နေရာတနေရာ ချန်ထားပါလို့။
ရည်းစားတွေ များတယ်ဆိုပြီး မကျည်စားပါနဲ့
ငါ့ဘ၀မှာ မင်းပဲ ရှိတာသိထားပါကွယ်။
အားလုံးကိုမေ့ပြီး မင်းတယောက်တာ ချစ်တယ်
နေ့တိုင်းနောက်ကလိုက်နေလို့လဲ စိတ်တွေတော့မညစ်နဲ့
စိတ်ကောက်တိုင်းလဲ ငါ့ဘက်ကစ အရှုံးပေးမယ်
ငါ့ကိုအမြဲတမ်းအနိုင်ယူတာ အပြုံးလေးနဲ့
ဘာကြောင့်ပဲ ဘာတွေဖြစ်ဖြစ် မမုန်းကြေးကွယ်
ညို့စွမ်းအားတွေပြင်းထန်လွန်းတဲ့ မျက်လုံးလေးရဲ့
အကြည့်အောက်မှာ တဘ၀လုံး ပေးဆပ်ကာထားမယ်
ကျေးဇူးပြုပြီး ငါ့ရဲ့အနားက အဝေးထွက်ခွာမသွားနဲ့
အနေဝေးရင်ရော ဆက်ဆံရေးတွေ အေးစက်မှာလားကွယ်
ပြေးထွက်ကာသွားလဲမရအောင် ထွေးဖက်ကာထားမယ်
Chorus: x2
ရင်ခုန်သံတွေ ဟိုးအမြင့်
ကြာလာလေလေ တိုးချစ်
အကြင်နာတွေကို နားလည်လို့
ဒီရင်ခွင်မှာ နားခိုပါ..။
ရင်ခွင်မှာ (နားခို)
အနားကဘယ်မှ (မသွားလို)
ရင်ခုန်သံတွေ (ကြားလို့)
ပြန်ချစ်လာမလား (ငါ့ကို)

Close