View Lyrics: အချစ်ရှိရာ (ဘေကြီး) Modal close icon

Viewing lyrics for အချစ်ရှိရာ (ဘေကြီး) by D0ubl3 H34rt.

မင်းကိုချစ်လို့ပေါ့...........

(ပြန်လာချိန်မျော်လင့်လို့မင်းလေးကအဝေးကိုထွက်ခွာသွား

အရင်လိုဟိုးအတိတ်ကပျော်ရွှင်ဖူးတဲ့နေ့ရက်များ

ဒဏ်ရာတွေရင်ထဲက မင်းမသိနိုင်ဲ့တဲ့မျက်ရည်များ

အတူပျော်ဖူးတဲ့နေ့တွေ လွမ်းလို့ဆွေးကာပြန်သတိရ) Echo

အရင်ကချစ်တယ်လို့ပြောတဲ့စကားကဘယ်ရောက်သွားလည်း

အရင်ကချစ်ခဲ့တဲ့သံယောဇဉ်ကောဘယ်ပျောက်သွားလည်း

ခုတော့ချစ်တယ်ပြောမယ်

ပြီးရင်မုန်းတယ်ပြောမယ် ငါဘာတွေလုပ်ရမှာလည်း မင်းစိတ်ကြိုက်မင်းရဲ့သဘောပဲ

ပြန်ပြီးမြင်ယောင်လာတယ်နင်နဲ့တွေ့ခဲံပျော်စရာများလည်း

ခုချိန်ထိနင်သာအနားမှာရှိရင်ငါပျော်မှာတအားပဲ

မင်းပေါင်းတဲ့ကောင်တွေကိုတော့မယှဉ်နိုင်ပါဖူးဂုဏ်အင်များလည်း

အနာဂတ်လမ်းကိုတစ်ယောက်တည်းလျှောက်ရမယ်တဲ့ ဘယ်လိုအင်အားလည်း

အခုတော့ငြိုငြင်သွားခဲ့မိန်းခလေး နားလည်ခွင့်လွတ်ထားတယ် တကယ်တမ်းနင်ပျော်ဖို့ကအဓိကပဲမဟုတ်လား

လိုအပ်မှပဲသုံးပေါ့ မင့်းရဲ့ခဏသာအဖြည့်ခံဘ၀ ငါ့ရဲ့ဘ၀ကိုအရုပ်လိုကစား သုံးလို့ဝရင်စွန့်ပစ်သွား

နင့်ရဲ့မိဘအသိုင်းကတော့ငြိုငြင်မှာပေါ့ဆိုတဲ့ဘဝ

နင့်ရဲ့ဘ၀မှာငါ့ရဲ့အချစ်ကသုံးလို့မရအောင်ရှုပ်လို့လား

တကယ်ပါချစ်ခဲ့တယ် အခုတော့ပစ်ရက်တယ် နောက်ဆုံးကျထားခဲ့မယ်ဆိုအစကတည်းကဘာလို့ငါ့ကိုချစ်ခဲ့လည်း

(Echo)

အထီးကျန်နေ့ထဲပြန်ပြီးတော့မှလိုက်ခဲ့ပါရစေမင်းရဲ့နလုံးသားလေးကို ၀င်ပြီးတော့မှကြည့်လိုက်ချင်ပါသေးတယ်

ဘယ်သူတွေဘယ်နှစ်ယောက်များရှိနေလည်းလို့

လိုအပ်ချက်တွေပြည့်နက်နေတဲ့ငါ့ဘ၀ကြီးကိုနားလည်ပေးပါလား

နားလည်းမှုထက်ဒီထက် ပိုပြီးအပေါင်းလက္ခဏာပြဖို့လိုအပ်နေတာပါ

စိတ်ကူးလေးတွေကိုလည်းတောင်းပန်ထပ်ပြီးတော့မင်းဆီအရောက်ပို့ပေးလို

အခုတော့ကောင်းကင်ပေါ်ကတိမ်လေးလိုမျိုးဦးရာမဲ့လျှောက်လွင့်နေလို့

ပိုင်ရှင်မဲ့တဲ့ငါ့အချစ်ကိုတစ်ဖန်ပြန်လည်ရယူပေးလှည့်ပါလား

အရူးအမူးလိုချင်ခဲ့နင့်အချစ်တစ်ခါပြန်ပြီးတော့ပေးလှည့်ပါကွာ

ငါလည်းပဲမင်းနားမှာနေချင်ခဲ့မိပါတယ် စကားတွေလည်းအမြဲတန်းပဲထပ်ပြီးတော့ပြောချင်ခဲ့

ငါပြောချင်တယ် ငါပြောချင်ခဲ့ ငါချစ်တဲ့စကားတွေပြောချင်တယ် အသက်ထက်ဆုံးဘေးမှာနေပြီးချစ်တဲ့စကားတွေပြောချင်တယ်

အရင်တုန်းကအချိန်တွေကလည်းအခုတော့အားလုံးပျောက်ကွယ်ပြီ

ဒါတွေကအိပ်မက်လားတကယ်တမ်းတော့မသိနိုင်ပြီ

အိပ်မက်လား ဒါတကယ်လား ငါဘာဆိုဘာမှမသိပါဖူး

ငါ့အချစ်ရှိရာအရပ်ကိုပဲပြန်ပြီးတော့နားခိုလှည့်ပါအခု

(Echo)

ဘေးကိုငေးကြည့်လိုက်တော့မင်းလေးလည်းမရှိတော့

အတွေးထဲမှာမြင်မြင်နေတာ မင်းရဲ့မျက်နှာလေးပေါ့

နားထဲမှာကြားယောင်နေတဲ့မင်းရဲ့စကားသံလေးရော

ခုတော့လည်းပျောက်ပျက်သွား အိပ်မက်တစ်ခုလုံးပျောက်ရှသွား

ဟိုတုန်းကမင်းနဲ့တူတူလျောက်ခဲ့တဲ့လမ်းတွေ ခုတော့ငါတစ်ယောက်တည်း ကြမ်းတမ်းစွာလှမ်းနေတယ်

ငါနင့်ကိုရင်ဘတ်ထဲကမေတ္တာစစ်နဲ့ချစ်ခဲ့တာပါ ဒါကိုလည်းရက်ရက်စက်စက်ထားပြီးနင်ထွက်သွား

ဘာကြောင့်လည်းစဉ်းစားခဲ့တာ ခေါင်းတွေကိုမူးလို့

နင့်အကြောင်းတွေကိုပြန်တွေးကြည့်ရင်မျက်ရည်တွေကိုဆို့လို့

ငါ့ဘာများမှားခဲ့လည်းတောင်းပန်ချင်လွန်းလို့

တောင်းပန်ချင်ခဲ့တာပြန်လည်ပေါင်းဖက်ချင်လွန်းလို့

ပေါင်းဖက်ချင်ခဲ့တာကငါနင့်ကိုချစ်လို့

ချစ်ခဲ့တဲ့နေ့ရက်တွေ အပစ်မဲ့စွာအခုချိန်ဝေးလွင့်နေ

ငါမရှိမှပျော်မယ်ဆိုရင်မင်းလေးငါ့ဆီပြန်မလာပါနဲ့

ငါတို့တွေဝေးသွားကြတာ တို့နှစ်ယောက်ရဲ့ကံကြမ္မာပါဘဲ

ဟိုအဝေး ပုံရိပ်တွေကိုငေး......... အိပ်မက်ထဲမှာလည်းမင်းအကြောင်းတွေကိုတွေး

ဟိုဟိုး........ အရင်တုန်းကပုံစံများလည်းမဖြစ်နိုင်တော့ပါလား ............

သူရဲ့လက်ကိုတွဲလျောက်ခဲ့ဖူးတဲ့လမ်း........

(Echo)

Close